ထားဝယ်မြို့၊ ကမ်းနားစျေးပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ထားဝယ်  မေ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားစျေးအတွင်း/အပြင်သန့်ရှင်းသန့်ရပ်လှပစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင် းသိရကြသည်။

ထို့နောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ စျေးအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ စျေးလျှောက်လမ်းများအား ရေဖြင့် ဆေးကြောသန့်ရှင်း ပေးခြင်း၊ ရေပိုက်များဖြင့်ဆေးကြောသန့်ရှင်းခြင်း အမှိုက်သရိုက်များရှင်းလင်းပေးခြင်း စသည့်လုပ်ငန်း များကို သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နေရာသို့တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူး ကြီးခင်ကျော်နှင့် တာဝန်ရှိသူများက ကြည်ရှုစစ်ဆေးပြီး သန့်ရှင်းရေးဆောင်ရွက်ပေးကြသည့် ဝန်ထမ်းများအား လက်ဘက်ရည်နှင့် ကောက်ညှင်းပေါင်းများဖြင့်ဧည့်ခံကျွေး မွေးခဲ့ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)