အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က နေအိမ်(၂)လုံး မီးလောင်ကျွမ်း၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
Feb 20,2024
လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊​​ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြင်းစီး၊ သီးလုံး၊ ခွန်​တောင်းကြီးကျေးရွာများတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်း​ထောင်​ဖောက်ခွဲမှု​​ကြောင့် ဒဏ်ရာရ၊​ သေဆုံး၊ ​နေအိမ် မီး​လောင်ဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 20,2024
လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် မန္တလေးမှ အလှူရှင်များက ပေးပို့လှူဒါန်းသည့် အလှူပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Feb 20,2024
လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အစီအစဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Feb 20,2024
ပြည်ထောင်စုနယ်​​မြေ၊ လယ်ဝေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် အသားကဏ္ဍမွေးမြူရေးလုပ်ငန်းများဆောင်ရွက်သည့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား စတုတ္တအကြိမ် ချေးငွေထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးတွင် ကျင်းပသည်။
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်ဓမ္မာစရိယနှင့် ပထမပြန်စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ ဩဝါဒစရိယဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။