လားရှိုး ဖေဖော်ဝါရီ ၂၀
လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အစီအစဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ပင်စင်လစာထုတ်ရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဖေဖော်ဝါရီလ ၂၁ ရက် ၊ ၂၂ ရက် ၊၂၃ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက် ၊၂၇ ရက် ၊ ၂၈ ရက်နေ့များတွင် လိုအပ်သည့် ဆေးဝါးစမ်းသပ်ကုသပေးမှုများကို စမ်းသပ်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အငြိမ်းစားနိုင်ငံဝန်ထမ်းများအနေဖြင့် ပင်စင်လစာထုတ်၍ အိမ်အပြန်မိမိတို့၏ ကျန်းမာရေးလိုအပ်ချက်များကို ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်စစ်ဆေးမှုခံယူ၍ လိုအပ်သောကုသမှုများ ပြုလုပ်နိုင်ကြောင်း ပြည်နယ်ကုသရေးဦးစီးဌာနက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)