စလင်း ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကွန်ကရစ်တံတားများဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ ဖြည့်စွက်ရန်ပုံငွေဖြင့် ရေမိန်တောင်ကျောင်းလမ်း ကွန်ကရစ်တံတားနှင့် ချင်းမပေါင်းတံတားဆောင်ရွက်မှု (၉၀)ရာခိုင်နှုန်းပြီးစီးကြောင်း သိရှိရသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန်နှင့် ပြည်သူအများ ကူးလူးဆက်သွယ်သွားလာနိုင်ကြစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ရေမိန်တောင်ကျောင်းလမ်း ကွန်ကရစ်တံတား(အလျား ၂၄ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၄ ပေ ကွန်ကရစ်တံတားအား ကျပ်သန်း(၄.၆၈၀) ချင်းမပေါင်းကွန်ကရစ်တံတားအား ကျပ်သန်း (၃.၉၀၀) အကုန်အကျခံကာ ဆောင်ရွက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆင်ဖြူကျွန်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ ရေမိန်တောင်ကျောင်းလမ်းကွန်ကရစ်တံတားနှင့် ချင်းမပေါင်းကွန်ကရစ်တံတားဆောင်ရွက်နေမှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ခံအင်ဂျင်နီယာတို့မှ ကွန်ကရစ်တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရန် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရှိရသည်။
မောင်လွင်(စလင်း)