အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ လူရည်မွန်ကောင်းများပေါ်ထွန်းစေရန်နှင့် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဩဂုတ် ၁၇ ရက်၊ နံနက် ၁၀ နာရီအချိန်က အမှတ်(၄)ရပ်ကွက်၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း ပုံညာခန်းမ၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 19,2023
ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ခြောက်တန်းသွား ကောက် စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြသစိုက်ပျိုးအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက ဂွေးပင် (စံပြ) ကျေးရွာ၊ စနစ်ကျလယ်ယာမြေ၊ ကွင်းအမှတ် ၂၀၄၄ ကွင်း၊ တောင်သူ ဦးမြ၏ လယ်မြေတွင် ကျင်းပခဲ့သည်။
Aug 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
Aug 19,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ပွင့်ဖြူ)နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၁၇ ရက်၊ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
Aug 19,2023
ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုရရှိစေရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သင်တန်းပို့ချခြင်းကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ လေးမျက်နှာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (လေးမျက်နှာ) ကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
Aug 19,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဩဂုတ် ၁၇ ရက်၊ နံနက် ၇ နာရီက ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆက်သွယ်ရေး(စာတိုက်)ရုံးအနီးတွင် တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Aug 19,2023
ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက် အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်းကျောင်း စာသင်ခန်းများတွင် ဆောင်ရွက်ခဲ့သည်။