အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2024
မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား ဂေါပကအဖွဲ့ဝန်ထမ်းမိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းအဖွဲ့များ၏ (၁၀)ကြိမ်မြောက်  ထမနဲထိုးပွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား၊ အင်္ဂါထောင့် (အရှေ့တောင်ထောင့်) ကားကွင်းနေရာတွင် ကျင်းပခဲ့သည်။
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
Feb 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ရာသီအလိုက် သစ်သီးဝလံသီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ စတင်ခူးဆွတ်ချိန်တွင် အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
Feb 20,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ်ဘဏ်ထုတ်ရက်များတွင် ဆီးချိုသွေးချို စစ်ဆေးပေးခြင်းများကို ယနေ့နံနက်(၉)နာရီမှ (၁၁)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 20,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူခြင်းကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ‌ကြောင်း သိရသည်။