Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တံတားဦးမြို့နယ် ပြူကန်(စံပြ)ကျေးရွာတွင် နို့နှင့် နို့ထွက်ပစ္စည်းတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဆင်းပွဲ ကျင်းပ
Aug 19,2023
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပြူကန်(စံပြ)ကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နို့နှင့် နို့ထွက်ပစ္စည်းတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျေးရွာ ရွှေသိမ်တော်ကျောင်းတိုက် သဟပုညကာရီဓမ္မာရုံအတွင်း၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းပါ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ငန်းများ စိစ…
Aug 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းပါ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ငန်းများ စိစစ်အတည်ပြုညှိနှိုင်းဆွေးနွေးခြင်းကို သြဂုတ်လ (၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် တာဝတိံသာစေတီတော်မြတ်ကြီးအား အသစ်ပြန်လည်တည်ထားနိုင်ရေးအတွက် စေတီတော်ဟောင်း ဖျက်သိမ်းနိုင်ရန် မူလရွှေထီးတော်အား ပြန်လည်ပင့်ဆောင်
Aug 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ တာဝတိံသာစေတီတော်မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင်လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာအား နည်းခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် ဧပြီ (၂၉) ရက်နေ့ နံနက် (၂:၃၀) အချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ (၆၀) ခန့် ပြိုကျပျက်စီးခဲ့ရာ ယခုနှစ် ဩဂုတ် (၁) ရက်နေ့မှ စတင်၍ ပျက်စီးပြိုကျခဲ့သော စောင်းတန်းအစိတ်အပိုင်းများအား ဖယ်ရှားခြင်း၊ ကျန်ရှိနေသော စောင်းတန်းအစိတ်အပိုင်းများအား ဖျက်သိမ်းခြင်း လပ်ငန်းများအား စေတီတော်မြတ်ကြီး ပြန်လည်တည်ဆောက်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် (၉) နာရီ အချိန်တွင် စေတီတော်အဟောင်းအား ဖျက်သိမ်းရှင်းလင်းခြင်း ဆောင်ရွက်နိုင်ရန် မူလက တင်လှူပူဇော်ထားသော စေတီတော်ဟောင်းမှ ထီးတော်အားပြန်လည် ပင့်ဆောင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒေသထွက်က…
Aug 19,2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ပြုလုပ်သည့် တိုင်း၊ ခရိုင်၊ ဦးစီးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့် ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဝင်များနှင့် တွေ့ဆုံပွဲများအား တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 19,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းကျန်းမာရေး ထူးချွန်ဆုရကျောင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၈ ရက် နံနက် (၉)နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် လယ်ယာမြေဥပဒေ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Aug 19,2023
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့ အ.ထ.က(၃) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 19,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာရှိစေရန်အတွက် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်တွင် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး
Aug 19,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ယမန်နေ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှဒေသခံ တောင်သူများအား ဆက်လက်ထုတ် ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9706
Page
9707
Page
9708
Page
9709
Current page
9710
Page
9711
Page
9712
Page
9713
Page
9714
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department