အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2024
ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း(၁/၂၀၂၄)ဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောက်ဆည်ခရိုင် အသေးစား စက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 20,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကန်ကြီးရပ်ကွက် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆွေးနွေးပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန်ကာလ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထွန်း က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပ‌ဒေပါအဓိပ္ပာယ်ဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုက လုံခြုံရေးသတိ လုံခြုံရေးအသိ ရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။
Feb 20,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ အမှတ်(၁)ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ကျေးရွာပြည်သူအယောက် ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ်/နည်းပညာသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဌာနမှ  ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ စက်ရုံ/ အလုပ်ရုံမှ တာဝန်ရှိသူများ စုစုပေါင်း လူဦးရေ (၃၁၅) တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်း ပွင့်လင်းရာသီတွင်မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ၌ မြက်တိုကျေးရွာတွင်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Feb 20,2024
မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးရုံးခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။