အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2023
"သားစဉ်မြေးဆက် ရိက္ခာပြည့်စုံဖူလုံဖို့ ငါးသယံဇာတကာကွယ်ထိန်းသိမ်းစို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ တရားမဝင်ငါးဖမ်းဆီးမှုများမပြုလုပ်စေရေး၊ ငါးသယံဇာတထိန်းသိမ်းရေးနှင့် လူကုန်ကူးမှုပပျောက်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့သည်။
Aug 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ဩဂုတ်လ ၁၇ရက်နေ့က သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာ ဒေါ်နှင်းဝေဖြိုး၏ အသားတိုးဝက်မွေးမြူရေးခြံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Aug 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဩဂုတ်လ ၁၆ ရက်နေ့က သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် ဦးတင်လှ၏ အသားတိုးဝက်ခြံနှင့် ဦးမြင့်ဝေ၏ နို့စားနွားခြံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Aug 18,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 18,2023
ကျောင်းသား၊ကျောင်းသူများ အားကစားကိုစိတ်ဝင်စားမှု မြင့်မားစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်ပြုလုပ်သည့် ပေါင်မြို့နယ်၌ အ.ထ.က(ပေါင်) ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက အဆိုပါကျောင်းအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
Aug 18,2023
တောင်သူများ စိုက်ပျိုးသီးနှံအထွက်နှုန်းကောင်းစေရန်နှင့် အရည်အသွေးကောင်းမွန်သည့် မျိုးစေ့များ ရရှိစေရေး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ပြည်သူလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့သည့် မိုး/ဆောင်းနေကြာမျိုးစေ့များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Aug 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဖိနပ်ချုပ်သင်တန်း (အခမဲ့)ဖွင့်လှစ်ခဲ့သည်။
Aug 18,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ဩဂုတ်လ ၁၇ ရက်နေ့က မုရစ်ကလေး (အ.ထ.က) ကျောင်း ပညာရတနာခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။