ရွှေဘိုမြို့၌ ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲ ကျင်းပ

ရွှေဘို ​​ဖေ​ဖော်ဝါရီ ၂၀

လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊​​ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ မြင်းစီး၊ သီးလုံး၊ ခွန်​တောင်းကြီးကျေးရွာများတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်း​ထောင်​ဖောက်ခွဲမှု​​ကြောင့် ဒဏ်ရာရ၊​ သေဆုံး၊ ​နေအိမ် မီး​လောင်ဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်အနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​ဇော်မျိုးဝင်းက အဖွင့်အမှာစကား​ ပြောကြားခဲ့ပြီး ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက​ ထောက်ပံ့​ပေးအပ်ရသည့် အ​ကြောင်းအရင်းများကို ရှင်းလင်း​ပြောကြားကာ တက်​ရောက်လာ​သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက​ ထောက်ပံ့​ငွေများ ​ပေးအပ်ရာ ရပ်ကျေးအုပ်ချုပ်​ရေးမှူးနှင့်​ ကျေးရွာသူ/သားများ၊ ထိခိုက်ဒဏ်ရာရရှိသူများက လက်ခံရယူခဲ့​ကြောင်း သိရသည်။

အဆိုပါ ​ထောက်ပံ့​ပေးအပ်ပွဲတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ မိုင်း​ထောင်​ဖောက်ခွဲမှု​ကြောင့် ဒဏ်ရာရပြည်သူ (၄)ဦး၊​ သေဆုံးသူ(၃)ဦးနှင့်​ နေအိမ်မီး​လောင်ဆုံးရှုံခဲ့သည့်​(၄၃)အိမ် ပြည်သူ( ၁၇၈ )ဦး တို့အတွက် ​စုစုပေါင်းတန်ဖိုး​ငွေ (၈၂၇၃၈၀၀)ကျပ် ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

​ခရိုင် (ပြန်/ဆက်)