Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းဆွေးနွေး
Feb 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက စာပေချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ မောင်မိုးယံ ရေးသားထားသော “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်
Feb 19,2024
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့်ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို တောင်ငူမြို့၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား နယ်လှည့်ဆေးကုသယာဉ်ဖြင့် (အခမဲ့)ကွင်းဆင်းဆေးကုသပေး
Feb 19,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဖူလုံရေးအဖွဲ့ (MOBILE MEDICAL UNIT)ဆေးကုသယာဉ်နှင့် တော်ဝင်နဂါးရောဂါရှာဖွေရေး (ဓာတ်ခွဲခန်း)မှ တာဝန်ရှိကျန်းမာရေးဝန်ထမ်းများပူးပေါင်းသည့် နယ်လှည့်ကျန်းမာရေးစစ်ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီမှစတင်ကာ သဲကုန်းမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား(အခမဲ့)ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အောင်မြင်ဇေယျ(ရခိုင်)စေတီတော်မြတ်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲ ဆောင်ရွက်
Feb 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ရေနီမြို့စည်ပင်သာယာရေးစျေးအတွင်း ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ (၄၈)ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေ အာဂုံ/ ရေးဖြေစာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးရေး လုပ်ငန်းညှိနှိုင်း ဆွေး…
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓတရားတော်များကို ကျက်မှတ်ရွတ်ဆို ဖြေဆိုခြင်းဖြင့် သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွန်းလာပြီး သာသနာတော်အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မင်္ဂလာကံကျောင်းတိုက်ရှိ ထေရဝါသကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ သြဝါဒဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် ဆောင်းသီနှံဖြစ်သည့် ကုလားပဲများ စိုက်ပျိုးအောင်မြင်လျက်ရှိ
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံဖြစ်သော ကုလားပဲ ၁၃၂၆၇ဧက လျာထားပြီး၊ စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများသိရှိနားလည်စေရန် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးလျက်ရှိ
Feb 19,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက သဲကုန်းမြို့နယ်၊ မြို့နယ်စခန်းမှူး၊ ရဲမှူးခင်မောင်အေး၊ မြို့မရဲစခန်းမှူး၊ ဒုရဲမှူးဇင်ဟိန်းထွဋ်နှင့်တပ်ဖွဲ့ဝင်များက မြကေသီလမ်းနှင့် သဲကုန်းမြို့အဝင်ဂိတ်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9713
Page
9714
Page
9715
Page
9716
Current page
9717
Page
9718
Page
9719
Page
9720
Page
9721
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department