အောင်လံမြို့၌ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

အောင်လံ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သင်တန်းသား/သူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းသား/သူ စုစုပေါင်း အယောက်(၄၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ စာတွေ့နှင့် လက်တွေ့ (၆)လ ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)