ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် မျော်တလင့်လင့်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကွမ်းခြံကုန်း ဖေဖေဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာရွှေဥဒေါင်း ဘာသာပြန်ဆိုရေးသားထားသော မျှော်တလင့်လင့်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ (Bo(Youth Cloub) အဖွဲ့ဝင် ဦးတေဇာလင်း ကဆွေးနွေးရာတွင် Charles Dickens ၏ Great Expectation ကို ဘာသာပြန်ဆို ရေးသားထားခြင်းဖြစ်ကြောင်း လူကြီးများ၏ အတ္တကြောင့် ဝေကွားရသော ချစ်သူနှစ်ဦးအကြောင်း စိတ်ဝင်စားဖွယ်ရေးသားထားကြောင်း၊ Women Cloub ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အေးက အဆုံးသတ်တွင် နားလည်ခွင့်လွတ်ခြင်းသည်သူများသာမက မိမိကိုယ်တိုင် လွတ်မြောက်အေးချမ်းရာဖြစ်​ကြောင်း ဆွေးနွေးရာ တက်ရောက်လာသည့် စာပေချစ်သူများနှင့် ပြန်အလှန်ဆွေးနွေးရာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ထိုနောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှူခဲ့ကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)