ရန်ကုန် ဖေဖော်ဝါရီ ၂၀
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် ကိုးနာရီခွဲတွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ်ရှိ ခန်းမဆောင်၌ ကျင်းပသည်။
အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချူပ် ဒေါက်တာနေဝင်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးတို့က စုပေါင်းသွေးလှူဒါန်းကြသည်။
သွေးလှူဒါန်းကြသော ကျောင်းသား၊ ကျောင်းသူများအား အာဟာရအားဖြည့်အချိုရည်နှင့် အာဟာရပစ္စည်းများ အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)