စစ်ကိုင်းမြို့ စက်မှုဇုန်ရှိ စက်ရုံများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မုံရွာ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးသည် တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းစက်မှုဇုန်ရှိ စက်ရုံများမှ စွန့်ပစ်ပစ္စည်းထွက်ရှိမှုနှင့် ပတ်ဝန်းကျင်အပေါ်ထိရောက်နိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် အဆိုပါစက်မှုဇုန်ရှိ  Motive Super Red (ဆိုင်ကယ်မီးကွိုင်ထုပ်နှင့် မီးလိုင်းဆက်စပ် အပိုပစ္စည်းလုပ်ငန်း)၊ မန်းဧရာဝဏ် (ပရိဘောဂလုပ်ငန်း)နှင့် IcIcle Food Industrial Co.,Ltd တို့၏  လုပ်ငန်းများ လည်ပတ်ဆောင်ရွက်မှု အခြေအနေများ၊ စွန့်ပစ်ပစ္စည်းထွက်ရှိမှု အခြေအနေများ၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှု အခြေအနေများကို စစ်ဆေးခဲ့ပြီး စက်ရုံများရှိ တာဝန်ရှိသူများအား စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်‌ ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

မြတ်သစ်ကောင်း (ပြန်/ဆက်)