ပင်းတယ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာစားအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာများ လာရောက်ထုတ်ယူလျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သူနာပြုဆရာမများက သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါများကို စစ်ဆေးကုသပေးခဲ့ခြင်းဖြစ်ပြီး၊ ပင်းတယမြို့ စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူသူ စုစုပေါင်း (၆၉၆)ဦး ရှိကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)