Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘိုကလေးမြို့နယ်တွင် (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ
Feb 21,2024
ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယ မဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှ ကြီးမှူး၍ (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ဖေဖော်ဝါရီ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီ(၁၈)ရက်နေ့အထိ (၃)ရက်တိုင် ကျင်းပဆောင်ရွက်ခဲ့ပြီး ယမန်နေ့နေ့လယ်(၁)နာရီ အချိန်တွင် စာအောင်သံဃာတော်များနှင့် ရှင်သာမဏေများအား စာအောင်ဆု ပေးအပ်ခြင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပ
Feb 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ သတ္တမနေ့ဖြေဆို
Feb 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ သတ္တမနေ့တွင် သိပ္ပံဘာသာရပ်နှင့် လူမှုရေးသိပ္ပံဘာသာရပ်တို့ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယမန်နေ့ (၁၂)နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးမွမ်းမံ (သန္ဓေ/ အရန်) သင်တန်း အမှတ်စဥ် (၁/ ၂၀၂၄) ဖွင့်လှစ်
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသောမတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးမွမ်းမံ (သန္ဓေ/ အရန်) သင်တန်းအမှတ်စဥ် (၁/ ၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၁၉-၂-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နွေသီးနှံများစိုက်ပျိုးရန် မြို့သစ်မြို့နယ် ဆည်မြောင်းဦးစီးဌာနက ဆည်ရေများ စတင်ပေးဝေလျက်ရှိ
Feb 21,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၃-၂၀၂၄ခုနှစ်၊ နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်၍ ဆည်တမံများမှ စိုက်ပျိုးရေများ စတင်ပေးဝေနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Feb 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က မြို့နယ်အတွင်းရှိပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်ဝမ်းစာရေးနှင့် စီးပွားရေးဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ပူးပေါင်းဖွင့်လှစ်သည့် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကျင်းပ
Feb 21,2024
ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို မီးလောင်ပျက်စီးဆုံးရှုံးမှုများမှ ကာကွယ်နိုင်ရန်နှင့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့ သန့်ရှင်းသာယာလှပစေရေးစည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်များ စိုက်ပျိုး
Feb 21,2024
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် ပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ညနေပိုင်းက. မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက စလင်းမြို့အဝင် ဆိုင်းဘုတ်များတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9688
Page
9689
Page
9690
Page
9691
Current page
9692
Page
9693
Page
9694
Page
9695
Page
9696
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department