နောင်ချိုမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မြို့နယ်စာစစ်ဌာနတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်

နောင်ချို ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မြို့နယ်စာစစ်ဌာနဖြစ်သည့် အ.ထ.က(၁)တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်လင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်း၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီးများ လိုက်ပါလျက် ၂၀၂၄ ခုနှစ် မတ်လ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မြို့နယ်စာစစ်ဌာန အ.ထ.က(၁)တွင် စာမေးပွဲကာလအတွင်း မီးလောင်မီးလှန့်မှုများ မဖြစ်စေရေး လုံခြုံရေးစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ အသင့်ဆောင်ရွက်ထားရှိမှုများ၊ မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေး စသည်တို့ကို အကြံပြုဆွေးနွေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)