ဘိုကလေး ဖေဖော်ဝါရီ ၂၁
ငါးရိက္ခာဖူလုံမှုရှိစေရေးနှင့် ငါးသယံဇာတပေါများစေရေးတို့ကို ရည်ရွယ်ကာ ယမန်နေ့နံနက်(၈)နာရီခွဲ အချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ၎င်းတို့၏ ရုံးဝန်းအတွင်း၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များအား အင်းသားကြီးများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာများ၊ ဘိုကလေးမြို့နယ်အတွင်းမှ အင်းသားကြီးများ တက်ရောက်ကြပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ဆွေက အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ အင်းသားကြီးများအား ငါးမျိုးစိုက်ထည့်ရန် (၂)လက်မအရွယ် ငါးမြစ်ချင်းသားပေါက်အကောင်ရေ (၁၀၀,၀၀၀)၊ ငါးခုံးမကြီး သားပေါက်အကောင်ရေ (၃၀၆,၀၀၀)၊ စုစုပေါင်း အကောင်ရေ (၄၀၆,၀၀၀)အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)