အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မီးသတ်ဦးစီးဌာနက နွေရာသီမီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နှိုးဆော်ရေးလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီက ဆောင်ရွက်လျှက်ရှိသည်။
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ပြည်သူများ၏‌ နေအိမ်များ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ ဆုံးရှုံးမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်၊ သန္တိသုခဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
Feb 22,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရွှေကြာပင်ရပ်ကွက်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 22,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာများနှင့် ပတ်သက်သည့် မြို့နယ်မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Feb 22,2024
ပဲခူးတက္ကသိုလ် CC ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်အနီးရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးသုံးဆူသမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပပြုလုပ်သည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအလိုက် (Grade-5) နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူ များက နှစ်ဆုံးစာမေးပွဲများကို (ပထမနေ့) အဖြစ် မြန်မာစာဘာသာရပ် စာမေးပွဲများကို ဖြေဆို လျက်ရှိသည်။
Feb 22,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးတို့လိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီအချိန်က ရမည်းသင်းမြို့​နယ် တဘက္ကာကျေးရွာရှိ စီပင်စိုက်ပျိုးရေးသုတေသနခြံအတွင်း စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ-၂ နေကြာမျိုးသန့်စိုက်ဧက(၅၀) ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။