အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ၂၂ရက်နေ့ကစတင်၍ ဖြေဆို​​လျက်ရှိ​ရာ ခရိုင်ပညာရေးမှူး ဦးမန်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူတို့က စာမေးပွဲဖြေဆိုခန်းများသို့ သွားရောက်ကာ အနီးကပ်ကြီးကြပ်​ကြည့်ရှုခဲ့ကြောင်း သိရသည်။
Feb 22,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် စတင်ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။
Feb 22,2024
လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃- ၂၀၂၄ ခုနှစ်ပညာသင်နှစ် Grade-9 နှင့် Grade-5 စာမေးပွဲများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 22,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က ရွှေဟင်္သာစျေးရှေ့၌ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများထံ ဖြန့်ဝေသည်။
Feb 22,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရာနေရာ၌ ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အာဟာရဒါနများ ကျွေးမွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပင်စင်ထုတ်ယူရာ မြန့်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Feb 22,2024
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံ ကုလားပဲကို ၈၅၀ ဧက လျာထားစိုက်ပျိုး၍ ကုလားပဲစိုက်ခင်းများ ‌အောင်မြင်ဖြစ်ထွန်းလျက်ရှိ‌ကြောင်း သိရသည်။
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်​၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းလမ်းညွှန်နှင့် အနုစိတ်စီမံချက်ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် (၃) လုံးအား ယမန်နေ့ နေ့လယ်ပိုင်းက ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။