Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသော တောင်သူများအား မျိုးစပါးနှင့်မြေဩဇာများထောက်ပံ့
Aug 27,2023
ကရင်ပြည်နယ်အတွင်း ယခုနှစ် ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး/ရေလျှံခြင်း၊ လယ်ယာမြေများရေလွှမ်းခြင်း၊ စိုက်ပျိုးပြီးသီးနှံပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းတွင် မိုးစပါး သီးနှံပျက်စီး ဆုံးရှုံးသွားသော တောင်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မျိုးစပါးနှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန၊ Community Centre (Lashio) တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်
Aug 27,2023
နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ၊ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေ အသိပညာ ဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက်၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ထားဝယ်မြို့တွင်ကျင်းပ
Aug 27,2023
လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီးလူအများရှေ့ စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ များနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Edu Park ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ Edu Park ကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလားကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Aug 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမျိုးညွန့် “မသန်စွမ်းသူများပါဝင်ခွင့်ဆိုင်ရာအသိပေးဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနား တက်ရောက်
Aug 27,2023
မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သည့် မသန်စွမ်းသူများ ပါဝင်ခွင့်ဆိုင်ရာ အသိပေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများမှ ကလေးမြို့နယ်ကျေးရွာများသို့ ကွင်းဆင်း၍ တောင်သူများနှင့်တွေ့ဆုံ
Aug 27,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကလေးမြို့နယ် အင်ဒိုင်းလေးကျေးရွာနှင့် အင်ဒိုင်းကြီးကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု၍ တောင်သူများနှင့်တွေ့ဆုံကာ မိုးသီးနှံစိုက်ပျိုးဧကများ လျာထားချက်ပြည့်မီကျော်လွန်ရေး၊ သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးရေအားစနစ်တကျသုံးစွဲရေး လမ်းညွှန်မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် လူငယ်အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Aug 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုပညာဦးစီးဌာနနှင့် ဗိုလ်တထောင်မြို့နယ် အ.လ.က(၁)ကျောင်းတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အဆိုပါ ကျောင်းခန်းမ၌ ယမန်နေ့ နံနက်၁၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9659
Page
9660
Page
9661
Page
9662
Current page
9663
Page
9664
Page
9665
Page
9666
Page
9667
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department