ကြည့်မြင်တိုင်မြို့နယ် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကြည့်မြင်တိုင် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်၊ သန္တိသုခဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်က ထောက်ပံ့ပစ္စည်းနှင့် အလှူငွေပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ မီးဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မီးဘေးသင်ပြည်သူများ၏ကိုယ်စား မီးဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် အလုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်ရှိ မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)