ဒေးဒရဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများရှိ (Grade-5) နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

ဒေးဒရဲ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ယနေ့ နံနက် () နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအလိုက် (Grade-5) နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူ များက နှစ်ဆုံးစာမေးပွဲများကို (ပထမနေ့) အဖြစ် မြန်မာစာဘာသာရပ် စာမေးပွဲများကို ဖြေဆို လျက်ရှိသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်း (၉၃) ကျောင်းရှိ (Grade-9) ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၈၅)ဦး၊ အခြေခံပညာမူလတန်းကျောင်း (၂၀၁) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၆၅)ဦး  နှစ်ဆုံးမှုစာမေးပွဲအား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးအတွက် မြို့နယ်ပညာရေးမှူး ဦးလှစိုး၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ အနီးကပ်ကြီးကြပ်၍ ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း