အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို ယမန်နေ့ည​နေပိုင်းက ဗဟန်းမြို့နယ်၏ လူစည်ကားရာနေရာများတွင် တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အာဟာရဒါနကျွေးမွေးခြင်းနှင့် စားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Feb 22,2024
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီ၂၀အချိန်က ပေါင်းပင်ဇင်းရပ်ကွက် ရှင်ပင်ကူတော်သစ် မဟာမုနိဘုရား ရတနာသိဒ္ဓိဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 22,2024
လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အစီအစဉ်ဖြင့် ဆက်လက်၍ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား စမ်းသပ်ကြောင်း သိရသည်။
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade- 5) နှင့် အဋ္ဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၉ နာရီချိန်က သက်ဆိုင်ရာစာစစ်ဌာနကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား/ သူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် စတုတ္ထတန်း (Grade - 5) နှင့် အဋ္ဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီချိန်မှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊‌ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 22,2024
လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ (၂၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းတော်မြတ်နှင့် ဥပ္ပတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။