ရမည်းသင်းမြို့ စီပင်စိုက်ပျိုးရေးသုတေသနခြံ၌ ဆင်းရွှေကြာ-၂ နေကြာမျိုးသန့်မျိုးစေ့ထုတ်လုပ် ခြင်း(၅၀)ဧက ကွင်းသရုပ်ပြသ

ရမည်းသင်း     ဖေဖော်ဝါရီ   ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးတို့လိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီအချိန်က ရမည်းသင်းမြို့နယ် တဘက္ကာကျေးရွာရှိ စီပင်စိုက်ပျိုးရေးသုတေသနခြံအတွင်း စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ-၂ နေကြာမျိုးသန့်စိုက်ဧက(၅၀) ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ရမည်းသင်းမြို့နယ် စီပင်စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံဒေါ်ခင်ပပအေးက ဆင်းရွှေကြာ-၂ နေကြာမျိုးသန့်မျိုးပွားခြင်းနှင့် မျိုးစေ့ထုတ်လုပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နေကြာမျိုးစိတ် ပိုမိုကောင်းမွန်အထွက်တိုးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ-၂ နေကြာမျိုးသန့် စိုက်ဧက (၅၀) ကွင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)