အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကလိပ်ကျုံပတုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးဝေလင်းနှင့် အဖွဲ့များမှ ၎င်းကျေးရွာရှိ ဒေသခံပြည်သူများတွေ့ဆုံခဲ့ကြောင်း သိရသည်။
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-5နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 22,2024
မျိုးဆက်သစ်လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သတင်းအမှား/အမှန်ခွဲခြားသုံးသပ်နိုင်စေရန်တို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယ‌မန်နေ့နေ့လယ် ၁နာရီခွဲအချိန်က ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Feb 22,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းနှင့် ပျက်စီးနေသော လူနေအိမ်များအတွက် သက်ကယ်၊ ဝါး၊ ထရံ၊ မျောတိုင်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 22,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ် (၁) မြို့မစျေးရှေ့ရှိ လူစည်ကားရာနေရာ၊ ဆိုင်ကယ် Taxi ဂိတ်များတွင် ဖြန့်ဝေခဲ့သည်။
Feb 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ မုံရွာမြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ စုစုပေါင်း (၄၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
Feb 22,2024
ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များဖြစ်နိုင်ရေးအတွက် အသက် (၆) လမှ (၅) နှစ်အတွင်း ကလေးငယ်များအားတိုက်ကျွေးခြင်းကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနဝန်ထမ်းက ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ကျေးရွာများသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။