ကဝမြို့နယ်၌ မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကဝ ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မီးသတ်ဦးစီးဌာနက နွေရာသီမီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နှိုးဆော်ရေးလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီက ဆောင်ရွက်လျှက်ရှိသည်။

ထိုသို့မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလိုက်လံနှိုးဆော်ရာတွင် ယခုအချိန်သည် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိပြီဖြစ်သည့်အတွက် မီးကိုပေါ့ဆစွာ အသုံးပြုသူတစ်ဦးတစ်ယောက်၏ ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်ဆိုးနှင့် မကြုံတွေ့ရလေအောင် မီးသတ်တပ်ဖွဲ့ဥပဒေ (၁/၉၇) အရ ထုတ်ပြန်ထားသော မီးဘေးသတိမူ‌ရေးနှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်ကြပါရန်နှင့် ရုံးဌာန အဆောက်အဦးများနှင့် အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများပြုလုပ်ထားရှိရန်၊ အိမ်တိုင်းအိမ်တိုင်းတွင် ရေအိုး၊ ရေကန်၊ ရေပီပါများ၊ ရေအပြည့်ထားရှိရန်၊ မီးဖိုနှင့် ထရံကြားတွင် မီးမလောင်နိုင်သောပစ္စည်း သွပ်ပြား၊ သံပြားများ ကာရံထားရန်၊ မီးဖိုနှင့် အမိုးအား အနည်းဆုံး (၅) ပေအကွာတွင်သာ ထားရှိရန်၊ ဟောင်းနွမ်ဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအား အသုံးမပြုကြရန် ၊ မီးသုံးစွဲမှုအား နံနက် (၄) နာရီမှ (၁၀) နာရီအထိ တစ်ကြိမ်နှင့် ညနေ (၄) နာရီမှ ည (၈) နာရီအထိ တစ်ကြိမ်သာ ချက်ပြုတ်သုံးစွဲရန် စသည်အချက်များအား မီးသတ်ဦးစီးဌာနမှ လိုက်လံနှိုးဆော်ခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)