ပဲခူးတက္ကသိုလ်၌ ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးသုံးဆူသမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ

ပဲခူး ဖေဖော်ဝါရီ ၂၂

ပဲခူးတက္ကသိုလ် CC ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်အနီးရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးသုံးဆူသမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတက္ကသိုလ်သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာခင်သန္တာမြင့်က ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးသုံးဆူသမိုင်းနှင့် ပတ်သက်၍ စာတမ်းဖတ်ကြားကာ တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

 ထို့နောက် စာတမ်းဖတ်ကြားသူအား ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်နှင့် ပဲခူးမြို့နယ်စာရေးဆရာအသင်းဥက္ကဌ စာရေးဆရာမဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး) တို့မှ ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် ပဲခူးတက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခဒေါက်တာတင်မောင်ထွေးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦးခန့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)