ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရွှေကြာပင်ရပ်ကွက်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးဝင်းနိုင်ဦး၊ ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရပ်မိ၊ ရပ်ဖများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူတို့က အင်တာနက်ပေါ်တွင် ပြန့်နှံ့နေသော သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍ သိရှိနိုင်စေရန် အသိပညာပေးဟောပြောခြင်း၊ သတင်းမှားများ၊ ကောလာဟလများ မယုံကြည်ကြစေရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို မေးမြန်းမှုအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)