အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2024
 အမရပူရခရိုင်၊ အမရပူရမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းအတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်များ ပေးအပ်ပွဲကို ပြုလုပ်ခဲ့သည်။
Feb 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ပဲမျိုးစုံလျာထားစိုက်ပျိုးလျက်ရှိရာ မိုးရာသီး၌ ပဲတီစိမ်း (၄၄၇၆၅) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းရာသီ၌ (၃၄၅၆) ဧက စုစုပေါင်း (၄၈၂၂၁) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်‌ပေးခြင်းများနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် (၇) နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်‌ပေးခဲ့ကြသည်။
Feb 23,2024
ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများ၊ စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈ နာရီမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 23,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများကို အခါအားလျော်စွာ ပို့ဆောင်ထောက်ပံ့ပေးလျက်ရှိရာ  ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Feb 23,2024
ကရင်ပြည်နယ်၊  မြဝတီခရိုင်  လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ  မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ မူလတန်းကြိုပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ပွဲ၊ ကျောင်းသင်္ကြန်နှင့် နှုတ်ဆက်မုန့်စားပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉ နာရီတွင် အမှတ် ၄ ရပ်ကွက်၊ ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ( ၁ ) နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။