Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိန္တလီမြို့တွင်(၂၀၂၃-၂၀၂၄)ပညာသင်နှစ် Grade-5၊ Grade-9 အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး
Feb 23,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင်(၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ Grade-5၊ Grade-9 အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို မြို့အုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရတနာပုံတက္ကသိုလ်(၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသိ…
Feb 23,2024
ရတနာပုံတက္ကသိုလ်(၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၁)ရက် နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံဝန်ထမ်းများ၊ သုတေသန စာတမ်းရှင်များ၊ ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေး
Feb 23,2024
မန္တလေးတိုင်ဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရွေ့လျားဒစ်ဂျစ်တယ်ဓါမှန်ကားဖြင့် ကွင်းဆင်းကျန်းမားရေး စစ်ဆေးကုသပေးနေမှုအား ကြည့်ရှုအားပေး
Feb 23,2024
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရွေ့လျားဒစ်ဂျစ်တယ်ဓါမှန်ကားဖြင့် ကွင်းဆင်းကျန်းမားရေး စစ်ဆေးကုသပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မော်လမြိုင်မြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၌ စာသင်ရဟန်းသံဃာတော်များကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရွေ့လျားဒစ်ဂျစ်တယ် ဓါတ်မှန်မော်တော်ယာဉ်ဖြင့် ကွင်းဆင်းကျန်းမားရေး စစ်ဆေးကုသပေးခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင် ကြိမ်၊ ဝါး လက်မှုထည်သင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းတွင် ထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ ကြိမ်၊ ဝါးလက်မှုထည်သင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်း ထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန် လဟယ်မြို့အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ
Feb 23,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ သိရှိနိုင်စေရန်အတွက် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၃ နာရီက အမှတ် ၃ ရပ်ကွက်၊ ဇေယျာသိဒ္ဓိဓမ္မာရုံ၌ ကျင်းပခဲ့ရာ မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ပြည်သူ ၁၂၀ ဦး တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၊ ကံပေါက်ကြီးကျေးရွာ၌ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ
Feb 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ကံပေါက်ကြီးကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှကြီးမှူး၍ ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသခြင်းကို ကံပေါက်ကြီးကျေးရွာ၊ တောင်သူ ဦးထွန်းလွင်၏ လယ်ယာမြေ (၃)ဧက၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ယခုနှစ် နွေစပါး ၁၆၆ ဧက လျာထားစိုက်ပျိုးမည်
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် နွေစပါး ၁၆၆ ဧက စိုက်ပျိုးရန်လျာထားကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9647
Page
9648
Page
9649
Page
9650
Current page
9651
Page
9652
Page
9653
Page
9654
Page
9655
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department