သပိတ်ကျင်း ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်ဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်စားများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိနေပြီး အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီဖြေရှင်း ဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
သပိတ်ကျင်းမြို့နယ်တွင် ယနေ့ပင်စင်စတင်ထုတ်ပေးသည့် (၂၁)ရက်နေ့တွင် ပင်စင်စားဦးရေ (၂၂၅)ခန့် လာရောက်ထုတ်ယူကြကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)၊ သပိတ်ကျင်း