အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အဆင်ပြေစွာ ကောက်ယူသွားနိုင်ရေးအတွက် မြေပြင်အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၈ရက်နေ့မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းထူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ဇော်ဂျီချောင်းမှ ရေများသွယ်တန်း၍ ရေသွင်းစိုက်ပျိုးထားသည့် နွေရာသီ သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
Feb 23,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက် ရွှေဝါဝင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
Feb 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြို့အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင်  ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
Feb 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာ၌ ဒေသခံတောင်သူများက ငရုတ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၂၈၅ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယနေ့အထိ ငရုတ်သီးနှံစိုက်ဧက ၁၁၈၅ ဧက ပြန်လည်ဆွတ်ခူးသိမ်းဆည်းပြီးစီးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးက ကြီးမှူး၍ ပြုလုပ်သည့် ရှာဖွေကယ်ဆယ်ရေး မွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၄) ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က အဆိုပါရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
Feb 23,2024
မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှု၊လက်မှုလုပ်ငန်း ဦးစီးဌာနနှင့် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။