မြဝတီမြို့၌  ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ

မြဝတီ   ဖေဖော်ဝါရီ  ၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍  သိရှိနိုင်စေရန်အတွက် ဆွေးနွေးပွဲကို  ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ    နာရီက အမှတ် ၃ ရပ်ကွက်၊   ဇေယျာသိဒ္ဓိဓမ္မာရုံ၌ ကျင်းပခဲ့ရာ မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ပြည်သူ  ၁၂၀  ဦး တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ဦးစွာရှင်းလင်းပေးပြီး မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူး အောင်နိုင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်  အသက်အရွယ်၊ အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊  စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့် သူများ၊  စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းရခြင်းနှင့်လုပ်ငန်းတာဝန်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးသူရှိန်အောင်က ပြည်သူ့ စစ်မှုထမ်းဆိုင်ရာ ဥပဒေများမှ ရရှိနိုင်မည့် အခွင့်အရေးများ၊ စစ်မှုထမ်းခြင်းမှ  ရှောင်လွှဲပါက  ကျသင့်မည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်ကြသည့် ရပ်ကွက်ပြည်သူများက သိရှိလိုသည့်အချက်များ မေးမြန်းဆွေးနွေး ခဲ့ကြရာတာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းပေးပြီး အလားတူကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာဆွေးနွေးပွဲများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)