မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရွေ့လျားဒစ်ဂျစ်တယ်ဓါမှန်ကားဖြင့် ကွင်းဆင်းကျန်းမားရေး စစ်ဆေးကုသပေးနေမှုအား ကြည့်ရှုအားပေး

မော်လမြိုင် ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရွေ့လျားဒစ်ဂျစ်တယ်ဓါမှန်ကားဖြင့် ကွင်းဆင်းကျန်းမားရေး စစ်ဆေးကုသပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ​မော်လမြိုင်မြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၌ စာသင်ရဟန်းသံဃာ​တော်များကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရွေ့လျားဒစ်ဂျစ်တယ် ဓါတ်မှန်​မော်​​တော်ယာဉ်ဖြင့် ကွင်းဆင်းကျန်းမားရေး စစ်ဆေးကုသပေးခြင်းကို ကြည့်ရှုအား​ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်​တွေ့ဆုံ၍ ရဟန်းရှင်လူ အများပြည်သူများအတွက် ကျန်းမာရေးအဆင့်မြှင့်တင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်း ​ဆောင်ရွက်​ပေးကြရန် လမ်းညွှန်မှာကြားကာ ကျန်းမာရေးဝန်ထမ်းများမှ မဟာမြိုင် ပရိယတ္တိစာသင်တိုက်အတွင်းရှိ ရဟန်း၊ သံဃာ​တော်များအား တီဘီရောဂါ ရှိ/မရှိနှင့် တီဘီရောဂါဖြစ်ဖူးသူများ၊ တီဘီဝေဒနာရှင် များအားဆက်သွယ်၍ ခေတ်မီရွေ့လျားဒစ်ဂျစ်တယ် ဓာတ်မှန်စက်ဖြင့် ကွင်းဆင်းတီဘီ ရောဂါရှာဖွေကုသခြင်းများ အခမဲ့ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)