လဟယ်မြို့တွင် ကြိမ်၊ ဝါး လက်မှုထည်သင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းတွင် ထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်

လဟယ် ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်‌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ ကြိမ်၊ ဝါးလက်မှုထည်သင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်း ထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန် လဟယ်မြို့အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး နာဂဒေသ အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ ဒေသတာဝန်ခံ ဦးထိုက်တန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် တက်ရောက်လာသော ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြိမ်၊ ဝါးလက်မှုထည်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းနှင့် အခြေခံ/အဆင့်မြင့် စက်ချုပ်နည်းပညာသင်တန်းတို့တွင် ထူးချွန်ဆုရရှိကြသော သင်တန်းသား/သူတို့အား ဆုများချီးမြှင့်ပေးအပ်ပြီး ထူးချွန်သင်တန်းသား/ သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ဆုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးပါသည်။ ထို့နောက် သင်တန်းသား/သူကိုယ်တိုင် ကြိမ်ဝါးများဖြင့် ထုတ်လုပ်ထားသော လက်မှုထုတ်ကုန်နှင့် ထောက်ပံ့ပစ္စည်းများအား လှည့်လည်ကြည့်ရှု့အားပေးပါသည်။

၎င်းသင်တန်းတွင် ကြိမ်၊ ဝါး၊ လက်မှုထည်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းမှာ ထူးချွန်ဆုရရှိကြသော သင်တန်းသား(၅)ဦးအတွက် တစ်ဦးလျှင် တန်ဖိုးငွေကျပ် (၁၂)သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းကို လည်းကောင်း၊ အဆင့်မြင့်စက်ချုပ် နည်းပညာသင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသူ(၁)ဦးလျှင် တန်ဘိုးငွေကျပ်(၄)သိန်းနှင့် ညီမျှသောအပ်ချုပ်စက်(၃)လုံးနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်ဆင်းပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်ဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် စီမံ‌ကော်မတီဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နာဂဒေသအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးမှ ဒေသတာဝန်ခံနှင့် ရုံးအဖွဲ့များ၊ ထူးချွန်သင်တန်းသား/သူများ တက်ရောက်ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)