အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2024
ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Feb 23,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ) အစည်းအဝေးခန်းမ၌ သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ကြည့်ရှုစစ်ဆေးကြသည်။
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး ဌာနတွင်းဝန်ထမ်းများအား ဘဏ္ဍာရေး စည်းမျဥ်းနှင့်အညီ စနစ်တကျသုံစွဲဆောင်ရွက်နိုင်စေရန်နှင့် အစီရင်ခံစာများ၊ စီမံချက်များ ရေးဆွဲ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်သုံး သာမာန်အသုံးစရိတ်တွင် အသုံးပြုမည့် ဘတ်ဂျက်ခေါင်းစဥ် အမှတ်အသားများ၊ စီမံချက်၊ အစီရင်ခံစာနှင့် လုပ်ငန်းပြီးစီးကြောင်း ထည့်သွင်းရမည့်အဓိကအချက်များဆိုင်ရာ ငွေစာရင်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေမျိုးပိုးရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Feb 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခြင်းများကို ​အမှတ် (၂) ရပ်ကွက် အနော်ရထာအိမ်ရာဝင်းတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 23,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က စတင်ပြီး ကျောင်းသားလူငယ်များနွေရာသီကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားသော မြန်မာ့ရိုးရာသိုင်းပညာသင်တန်းကို အခမဲ့ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်းသိရသည်။
Feb 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၊ ရပ်ကွက်များအတွင်းနှင့် YBS ယာဉ်လိုင်းများပေါ်တွင် ဖြန့်ဝေခဲ့သည်။
Feb 23,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်း၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။