အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ သာသနာ့ဝန်ဆောင်မြို့ဦးကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်စကြာစေတီတော်မြတ်ကြီး၏ (၄၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းသပိတ်လောင်းလှူပွဲအကြို စုပေါင်း ထမနဲထိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမြိုင် ဦးဆောင်သည့် ဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်နေ လူငယ်မောင်မယ်များက အဆိုပါ ကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။
Feb 23,2024
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5၊ Grade-9 အခန်းဆုံးစာမေးပွဲများကို  ယမန်နေ့ နံနက်(၉)နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5) နှင့် (Grade-9) အတန်း ကျောင်းသား/သူများ၏ နှစ်ဆုံး ခရိုင်စစ်/ တိုင်းစစ်စာမေးပွဲကြီးကို ယမန်နေ့နံနက် ၉ နာရီတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 23,2024
မလှိုင်မြို့နယ်၌ မိတ္ထီလာခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယမန် နေ့နံနက်(၉)နာရီအချိန်တွင် မလှိုင်မြို့ပြည်သူ့ဆေးရုံ အေးမေတ္တာကုသဆောင်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်၊ သာသနာ့မဉ္ဇူဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များမှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများပါဝင်သော လက်ကမ်းစာစောင်များကို ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ပြည်သူများထံသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
Feb 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့်‌‌ ကျေးရွာများသို့သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်္ဂလာရပ်ကွက်အတွင်းရှိ အဘိုအဘွားများအား သွားရောက်ထောက်ပံ့ခဲ့သည်။