အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၇)နာရီခွဲက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို မြို့မဈေးကြီးနှင့် လူစည်ကားရာ‌နေရာများတွင် အခမဲ့ဖြန့်ဝေ‌ပေးခဲ့သည်။
Feb 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးခြင်း၊ လက်‌တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် ‌‌ခြင်းတို့ကို ယနေ့မွှန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများကို ရှင်းရှင်းလင်းလင်း သိရှိနာလည်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သဖန်းချောင်းကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်(၉)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
Feb 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်စတင်၍ စနစ်တကျထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများက စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
Feb 23,2024
လားရှိုးမြို့တွင် MPT ၏ (၁၃) ကြိမ်မြောက် စေတနာသွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က လားရှိုမြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် (၈)နာရီမှ (၁၂ )နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 23,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီး​ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။