အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဆဌမအကြိမ်မြောက် ကျေးရွာပေါင်းစုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါတပ်ရှိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
Aug 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းတွင်းအားကစားပြိုင်ပွဲကို အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုး၍ စွမ်းရည် မြင့်မားတိုးတက်လာ‌စေရန်၊ မျိုးဆက်သစ် ကစားသမားပေါ်ထွန်းစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းတွင်း အသက်(၁၈)နှစ်အောက် အမျိုးသားဂိုလတ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကလိန်အောင်မြို့ အခြေခံပညာ အထက်တန်း ကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပသည်။
Aug 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်၊ နဝရတ်အားကစားခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲခန့်က ကျင်းပခဲ့ရာအဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အ-ထ-က(ခွဲ) အ-လ-က(၂) ကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Aug 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်က အ.ထ.က(၁) မြန်အောင် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 28,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ရုံးတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ပြေစာအမှတ်တံဆိပ်အခွန်အသိပညာပေးဆွေနွေးပွဲကျင်းပခဲ့သည်။
Aug 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က) သရက်ချောင်းကျောင်း (၂၀၂၂–၂၀၂၃) ပညာသင်နှစ်အတွက် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်း (ပညာရတနာ)ခန်းမ၌ ကျင်းပသည်။
Aug 28,2023
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန် အတွက် ပန္နတင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက အဆိုပါ ရွာလည်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Aug 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျောက်တလုံး ကျေးရွာအုပ်စု၊ မြေမအုံကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ (ပဥ္စမ)အကြိမ်ချေးငွေထုတ်ချေးခြင်းကို ဩဂုတ်လ၂၆ရက် နေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။