ကျိန္တလီ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင်(၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ Grade-5၊ Grade-9 အတန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို မြို့အုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ကျိန္တလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းနှင့် ကျိန္တလီမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်တို့၏ ကြီးကြပ်လမ်းညွန်မှုဖြင့် မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
ကျိန္တလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-5၊ Grade-9မှ ကျောင်းသား/သူများက တစ်ရက်လျှင်တစ်ဘာသာနှုန်းဖြင့် ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)