Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြင်းခြံမြို့၌ (၂၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းသပိတ်လုံးလောင်းလှူပွဲ ကျင်းပ
Feb 24,2024
မြင်းခြံမြို့ အမှတ် (၁၁) ရပ်ကွက် မင်းကျောင်းတိုက် ဆန္ဒတော်ပြည့်စေတီတော်ရင်ပြင်၌ ယနေ့နံနက် ၈ နာရီအချိန်က (၂၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းသပိတ်လုံးလောင်းလှူပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့၊ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် (ဆဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ…
Feb 24,2024
မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် (ဆဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်း ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပြီးစီးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်က အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် မြို့ပေါ် (၅)ရပ်ကွက် အသင်းအဖွဲ့များ စုပေါင်းနှမ်းမနဲထိုးပြိုင်ပွဲကျင်းပ
Feb 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအရ မြန်မာတို့၏အချင်းချင်းဝိုင်းဝန်းကူညီခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကို ဖော်ကျူးပြသရန် ဇလွန်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့ပေါ် (၅)ရပ်ကွက် အသင်းအဖွဲ့များက ရှေ့အစဉ် အလာမပျက် နှမ်းမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီတွင် ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးဝန်းအတွင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲကို တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၄ နာရီအချိန်က ပြည်သူ့ပန်းခြံ၊ လွတ်လပ်ရေးကျောက်တိုင်ရင်ပြင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဦးဆောင်မှုဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများသို့ ကပ်လှူပူဇော်ရန်အတွက် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီးရှေ့ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ ရှေးဟောင်းသမိုင်းဝင် ကျိုက်ဒေးမွန်စေတီတော်မြတ်ကြီး ပန္နက်တော်တင်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာတွင် ဗုဒ္ဓဘာသာဝင် ပြည်သူများ၏ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှု၊ သဒ္ဓါတရား ပြည့်စုံထက်သန်မှု၊ သာသနာတော်အရှည်တည်တံ့ရန်နှင့် ဘာသာသာသနာဖွံ့ဖြိုးထွန်းကားသည့် ဒေသဖြစ်စေရန် ရည်ရွယ်၍ အသစ်ပြန်လည်တည်ထားကိုးကွယ်မည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်ဒေးမွန် စေတီတော်မြတ်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အလှူရှင်များ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုခ်ဦးရေစက်သွန်းချ မဟာမင်္ဂလာအခမ်းအနားကျင်းပ
Feb 24,2024
လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့်မန်ဆူစေတီတော်မြတ်ကြီး၏ မုခ်ဦးရေစက်သွန်းချ မဟာမင်္ဂလာ အခမ်းအနားကို တပို့တွဲလပြည့်နေ့ (ယနေ့) နံနက် ၈ နာရီအချိန်တွင် မန်ဆူစေတီတော် မြတ်ကြီး၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Feb 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9635
Page
9636
Page
9637
Page
9638
Current page
9639
Page
9640
Page
9641
Page
9642
Page
9643
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department