လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုခ်ဦးရေစက်သွန်းချ မဟာမင်္ဂလာအခမ်းအနားကျင်းပ

လားရှိုး  ဖေဖော်ဝါရီ   ၂၄

လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့်မန်ဆူစေတီတော်မြတ်ကြီး၏ မုခ်ဦးရေစက်သွန်းချ မဟာမင်္ဂလာ အခမ်းအနားကို တပို့တွဲလပြည့်နေ့ (ယနေ့) နံနက် ၈ နာရီအချိန်တွင် မန်ဆူစေတီတော် မြတ်ကြီး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒါစရိယ၊ လားရှိုးမြို့၊ မဟာဗောဓါရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တနာရဒ အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့နှင့် အမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး အမှူးပြုသော အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က အမွှေးနံ့သာများဖြင့် ပက်ဖျန်း၍  မုခ်ဦးတော်အား ဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတော်ဩဝါဒစရိယ လားရှိုးမြို့ ၊မဟာဗောဓါရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တနာရဒ အရှင်သူမြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ လားရှိုးမြို့ ဇမ္ဗူအေးအေတီတပ်ဦး ပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ ဘဒ္ဒန္တဥတ္တမ အရှင်သူမြတ်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)