Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာပေါင်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့်ကျောင်းများအရောက် စာအုပ်စာစောင်များ ငှားပေးလျက်ရှိ
Aug 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Mobile Library Bus ဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်း များရရှိစေရန် ရည်ရွယ်၍ Mobile Library Bus ဖြင့် ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့၊ မွန်းလွှဲ ၁ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း)ရောက်ရှိ စာအုပ်၊ စာစောင်များ အပ်နှံ လက်ခံလဲလှယ်ထပ်မံငှားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
Aug 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဇူလိုင်(၁၇)ရက်နှင့် (၁၈)ရက်နေ့က ကော့သောင်းမြို့နယ်အတွင်း ဖြစ် ပွားခဲ့သည့် လေပြင်းဘေးဒဏ်ကြောင့် နေအိမ် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှထောက်ပံ့မှုများအားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ ချေးငွေရယူထားသည့် အစုအဖွဲ့(၂)၊ အသားတိုးကြက်မွေးမြူရေး လုပ်ငန်းခွင်သို့ ကြည့…
Aug 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ ချေးငွေရယူထားသည့် ရွှေဇံအိုးကျေးရွာအုပ်စု၊ ကျားလူးကျေးရွာတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့်(အသားတိုးကြက်မွေးမြူရေး) ချေးငွေရယူထားသည့် အစုအဖွဲ့(၂)၏ လုပ်ငန်းခွင်သို့ ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့၊ညနေ ၃ နာရီခွဲအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့ အ.ထ.က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Aug 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်
Aug 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျောက်ဖြူကျေးရွာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်အဖြစ် တိရစ္ဆာန် ရောဂါ များကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့နယ် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊နွားများအား ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်
Aug 30,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက် သတ္တပတ်အဖြစ် အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းကပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီးကုန်းရပ်ကွက်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်
Aug 30,2023
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးရုံး သင်တန်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ် တပ်တောင်မြို့ရှိ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Aug 30,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမ်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ကြီးကြပ်မှုဖြင့် e-ID Software အတွင်း (နိုင်)မရှိသူအရေအတွက် လျှော့ချနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် တပ်တောင်မြို့ရှိ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9631
Page
9632
Page
9633
Page
9634
Current page
9635
Page
9636
Page
9637
Page
9638
Page
9639
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department