အမြို့မြို့အနယ်နယ်သတင်းများ

Aug 29,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ဩဂုတ်၂၇ရက် နံနက် ၉နာရီခွဲအချိန်က၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အင်းယား လမ်း၊ အထက(၂)၊ အခြေခံပညာအထက်တန်းကျောင်းနှင်းဆီခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်တိုက်ဖျက်ရေး၊ ယာဥ်စည်ကမ်း လမ်းစည်းကမ်းပညာပေးစသည့် တွေ့ဆုံဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
Aug 29,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့က ကံကလေးကျေးရွာအုပ်စု၊ ကံကလေးကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ကြောင့် ကုက္ကိုလ်ပင်ပိ၍ ပြိုလဲနေအိမ်များအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီက ထောက်ပံ့ငွေနှင့်ပစ္စည်းများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။
Aug 29,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့က စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် မြစ်မခမြစ်ကမ်းပြိုကျနေမှုကြောင့် ကြိုတင်ဖျက်သိမ်း နေအိမ်များအတွက် ယမန်နေ့နံနက် ၁၁ နာရီက ထောက်ပံ့ငွေများသွားရောက်ပေးအပ်ခဲ့သည်။
Aug 29,2023
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော် မတီ၏ကြီးကြပ်မှုဖြင့် စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ် (၃)ဖွင့်ပွဲအခမ်းအနားကို ယမန် နေ့နံနက်၉နာရီက၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ လှိုင်စင်တာတွင် ကျင်းပသည်။
Aug 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်၊ မုံးထမြို့တွင် ယမန်နေ့ နေ့လယ်(၁၂)နာရီက မုံးထမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မုံးထမြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကြောင်း သိရသည်။
Aug 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့် ဦးဆောင်သည့်ဝန်ထမ်းများအဖွဲ့က ဦးတည်အုပ်စုများသတ်မှတ်၍ " e-ID စနစ်ဆောင်ရွက်ဖို့ လူမှုစီးပွား မြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံအတွင်းနေထိုင်သည့် အသက်(၁၀)နှစ်ပြည့်ပြီးသူများကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data)ကို ကောက်ယူမှတ်တမ်းတင်ကာ ဂဏန်း(၁၀)လုံးပါသည့် UID (Unique Identity) (Unique ID) နံပါတ်ပါစာရွက်ကို ကာယကံရှင်ထံ ချက်ခြင်းပြန်လည်ထုတ်ပေးခြင်းလုပ်ငန်းကို ဩဂုတ် ၂၈ ရက်နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများအား ကွင်းဆင်း၍နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်မြေ၊ မျိုး၊ ပိုးဌာနခွဲများနှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှစုပေါင်း၍ ခန္တီးမြို့နယ်၊ သာစည်ရပ်၊ အောင်သာယာကွင်း၊ ကွင်းအမှတ် (၄) ၊ ဦးပိုင်အမှတ် (၂၀) ရှိ တောင်သူဦးကျော်စံဝင်း၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ၊ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးစံပြကွက်များ၊ SRIစိုက်ခင်းများနှင့် ယာစပါးမျိုးသန့်မျိုးပွားစံပြကွက်များတွင် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Aug 28,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကလေးသူငယ်ကာကွယ်‌စောင့်ရှောက်ရေးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး ဟော‌ပြောပွဲကို ဩဂုတ်လ ၂၅ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က စေတီရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကညင်တောရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်သည်။