အမြို့မြို့အနယ်နယ်သတင်းများ

Aug 29,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မြန်မာနယူးဧရာ စိုက်ပျိုးရေးကုမ္ပဏီလိမိတက်၏ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုသည်။
Aug 29,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ တက်သိမ်းရပ်ကွက်အတွင်းရှိ သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ညောင်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့နှင့်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 29,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မိတ္ထီလာဈေးကြီးအတွင်း ပြည်သူ့သက်သာ ဈေးအရောင်းဆိုင်ကို ယနေ့နံနက် ၇ နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် လူငယ်လူရွယ်များကို နှလုံးသားအာဟာရ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စာပေဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကသာပညာရေးဒီဂရီ ကောလိပ်ကျောင်း ဘက်စုံသုံးအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 29,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
Aug 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “e-ID စနစ်ဖြင့် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြစို့” ဆောင်ပုဒ်နှင့်အညီ ရပ်ကွက်အတွင်းရှိပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက်ယူခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 29,2023
တနင်္သာရီတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အ.ထ.က(ခွဲ)၊ အ.လ.က(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ လူငယ်များကို စိတ်ဓာတ်ရေးရာတိုးတက် ကောင်းမွန်လာစေရန်၊ အကျင့်စာရိတ္တကောင်းမွန်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ (၁) နာရီ အချိန်က အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။