ဇလွန်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် မြို့ပေါ် (၅)ရပ်ကွက် အသင်းအဖွဲ့များ စုပေါင်းနှမ်းမနဲထိုးပြိုင်ပွဲကျင်းပ

ဇလွန် ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအရ မြန်မာတို့၏အချင်းချင်းဝိုင်းဝန်းကူညီခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကို ဖော်ကျူးပြသရန် ဇလွန်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့ပေါ် (၅)ရပ်ကွက် အသင်းအဖွဲ့များက ရှေ့အစဉ် အလာမပျက် နှမ်းမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီတွင် ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးဝန်းအတွင်းတွင် ကျင်းပခဲ့သည်။

ဇလွန်မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့ပေါ် (၅)ရပ်ကွက် အသင်းအဖွဲ့များ စုပေါင်းနှမ်းမနဲထိုး ပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက နှမ်းမနဲထိုးပြိုင်ပွဲ ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် နှမ်းမနဲထိုးပြိုင်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း ၊ စီမံကိန်း+မွေး/ကု+လ.ဝ.က+မိုးဇလ+စာတိုက်+ဖုန်း+ ရေကြောင်းအသင်း ၊ စိုက်ပျိုးရေး+ဆည်မြောင်းအသင်း ၊ ညောင်ပင်စျေးရပ်ကွက်+လမ်း/မြောက် အသင်း၊ ပညာရေးအသင်း၊ စည်ပင်သာယာရေးအဖွဲ့အသင်း၊ ကမ်းနားရပ်ကွက်+လမ်း/တောင်+ ဆန်တန်းအသင်း၊ စာရင်းစစ်+ပြန်/ဆက်+မီးသတ်+လယ်ယာဖွံ့ဖြိုးဘဏ်+စီးပွားရေးဘဏ်အသင်း၊ စက်မှုလယ်ယာ +လယ်/စီ/အင်း+ငါးလုပ်ငန်းအသင်း၊ ရဲတပ်ဖွဲ့အသင်း၊ သ/မ+ကျေး/ဖြိုး+ကျေးလက်အသင်း စုစုပေါင်း (၁၁) သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အကဲဖြတ်ဒိုင်အဖွဲ့များက စိစစ်ရွေးချယ် အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုရအသင်းများ၊ နှစ်သိမ့်ဆုရရှိသောအသင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဇလွန်မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့ပေါ် (၅)ရပ်ကွက်အသင်းအဖွဲ့များ စုပေါင်းနှမ်းမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသော နှမ်းမနဲများကို ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား တပို့တွဲလပြည့်နေ့တွင် ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)