သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သာပေါင်း ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဝင်များ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အဓိကသီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရှိရေး တောင်သူများအား အသိပညာပေးဆောင်ရွက်ရန်၊ ၂၀၂၄ခုနှစ်၊ မိုးစပါး ရေတော်၊ မိုးတော် (၇၅၁၆) ဧကအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းမြှုပ်နှံစိုက်ပျိုးရေး ကျေးရွာအုပ်စု (၃၇) အုပ်စုအား ကြိုတင်ပြင်ဆင်ရေး နှိုးဆော်ဆောင်ရွက်ရန်၊ (၈၆) ဘီလီယံ သွင်းအားစုရေကျနောက်စိုက် (၁၈၅၀၀) ဧက ဝယ်၊ ကြိတ်အဖွဲ့သို့ စပါးပေးသွင်းရေး ကြီးကြပ်ဆောင်ရွက်ရန်၊ (၈၆) ဘီလီယံ နွေစပါးသွင်းအားစု (၁၂၀၀၀) ဧက ဖြန့်ဖြူးပြီးစီးမှု ကြီးကြပ်စစ်ဆေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်