မြင်းခြံ ဖေဖော်ဝါရီ ၂၄
မြင်းခြံမြို့ အမှတ် (၁၁) ရပ်ကွက် မင်းကျောင်းတိုက် ဆန္ဒတော်ပြည့်စေတီတော်ရင်ပြင်၌ ယနေ့နံနက် ၈ နာရီအချိန်က (၂၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းသပိတ်လုံးလောင်းလှူပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းသပိတ်လောင်းလှူပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မိခင်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ဥက္ကနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ စုပေါင်း၍ ပင့်သံဃာအပါး(၁၅၀၀)အား ဆွမ်းသပိတ်လုံး လောင်းလှူ ခဲ့ကြသည်။
ဆက်လက်၍ ဆွမ်းသပိတ်လုံးလောင်းလှူပွဲအခမ်းအနားသို့ တက်ရောက်လာသူများသည် ဆန္ဒတော်ပြည့်ဓမ္မာရုံအတွင်း၌ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)