အမြို့မြို့အနယ်နယ်သတင်းများ

Aug 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့ မြေစိုက်ဘုတ်ကို လားရှိုး−မူဆယ် လမ်းမကြီးဘေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက်ပိုင်းအချိန်က စိုက်ထူခဲ့ကြောင်း သိရသည်။
Aug 29,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးတည်အုပ်စု (၆)အုပ်စုအတွင်းရှိ ဝန်ထမ်းများ၏ Biometric အချက်အလက်များအား ဇွန်လ ၂၂ ရက်နေ့မှစ၍ ကောက်ယူခဲ့ပြီး ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများအား ဆက်လက် စာရင်းကောက်ယူခဲ့ရာ ယမန်နေ့အထိ ကျား(၂၃၉၈)ဦး၊ မ(၂၇၆၃)ဦး စုစုပေါင်း (၅၀၆၁)ဦး စာရင်းကောက်ယူ ပြီးစီးပြီဖြစ်သည်။
Aug 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက်ကလေးငယ်များအား မျက်စိအားဆေးနှင့်အသက်(၂)နှစ်မှ (၅)နှစ်အထိကလေးငယ်များအား သံချဆေးများတိုက်ကျွေးခြင်းလုပ်ငန်းကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ဘိုးရင်ကလေးကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
Aug 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်သော  GENDER/ CEDAW/ NSPAW အသိပညာပေး သင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်အတွက် ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ချေးပြီးစီးခဲ့ကြောင်း သိရသည်။
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။
Aug 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) တွင် ကျောင်းသား/ ကျောင်းသူများ စာကြည့်တိုက်သို့ အမြဲလာရောက်၍ စာပေများဖတ်ရှုသည့်အလေ့အကျင့်ဖြစ်စေရန်နှင့် ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နေ့လယ် ၁၂ နာရီအချိန်က ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။